၂၀၁၈ ဇန်နဝါရီလ အတွက် (၂၈)ကြိမ်မြောက် ကျန်းမာရေးကူညီစောင့်ရှောက်မှု ဆေးပေးခန်းကိုယနေ့ မနက်၈နာရီ မှစတင်ကာ နေလည်၁၂နာရီအထိ ဖွင့်ပြီးကျင်းပခဲ့ပါသည်။
(၂၈)ကြိမ်မြောက် ကျန်း/စောင့်ပွဲကို ၁၉၇၀-၇၁ ခုနှစ် ကျောင်းသားဟောင်းများမှ တစ်လစာအလှူငွေ ၁,၀၀၀,၀၀ဝိ/(တစ်ဆယ်သိန်းကျပ်တိတိ) ကို ကျန်းစောင့် ကော်မတီဥက္ကဌ နှင့် တာဝန်ရှိသူများကိုလှူတန်းခဲ့ပါသည်။ကွယ်လွန်သွားသော ကျောင်းသားဟောင်းအသင်းအလုပ်အမှုဆောင်ဟောင်း ဦးစိန်သောင်အား ရည်စူးပြီး အလှူငွေကျပ် ၂၀၀,၀၀ဝိ/ (နှစ်သိန်းကျပ်တိတိ) အားကျန်ရစ်သူ ဇနီးနှင့်သမီးမှ လာရောက်လှူတန်းသွားပါသည်။
ဆေးပေးခန်းသို့ အငြိမ်းစားဆရာကြီး/ဆရာမကြီး (၆၂)ယောက်မှ တက်ရောက်ကုသခံခဲ့ပါသည်။
ဆရာ/ဆရာမကြီးများကို ကျောင်းသား/သူဟောင်းများဖြစ်ကြသော ဒေါက်တာ အောင်မွန်ကျော်၊ဒေါက်တာ ညီညီကျော်၊ဒေါက်တာ ကောင်းမြတ်ကိုကို၊ဒေါက်တာ နှင်းနုနုဆွေ၊ဒေါက်တာ အောင်ထွန်းဦး တို့မှ ဆေးကုသပေးရင်းစောင့်ရှောက်မှုပေခဲ့ပါသည်။
ယနေ့ ကျန်း/စောင့်ပွဲကို တက်ရောက်လာကြသော ဆရာ/ဆရာမကြီးများနှင့် လာရောက်ကူညီပေးကြပါသော ကျောင်းသား/သူများကို နန်းကြီးသုပ်၊ရှမ်းခေါက်ဆွဲ နှင့် Horlicks ဖျော်ရည်များကို ကျွေးမွေးဧည့်ခံခဲ့ပါသည်။




























ဖျော်ရည်များကို ကျွေးမွေးဧည့်ခံခဲ့ပါသည်။

Comments

Popular posts from this blog