၂၀၁၈ ဖေဖဝါရီလ (၂၉) ကြိမ်မြောက် ကျန်းမာရေးကူညီစောင့်ရှောက်မှု ဆေးပေးခန်းကို ၁၁.၂.၂၀၁၈ မနက် ၉နာရီ မှစတင်ကာ နေလည် ၁၂နာရီ အထိဖွင့်လှစ် ကျင်းပမည်ဖြစ်ပါသည်။
(၂၉)ကြိမ်မြောက် ကျန်း/စောင့်ပွဲကို ၁၉၇၈ ခုနှစ်မှ ကျောင်းသား/ကျောင်းသူဟောင်းများမှ တာဝန်ယူ၍ ယခုလကျသင့်သော ဆေးဝါးကုန်ကျစရိတ်များ၊ ခရီးစရိတ်များ နှင့် အဟာရဒါန စသည့်အတွက် ကုန်ကျစရိတ် အလှူငွေ ၁,၀၀၀,၀၀ဝိ/ (တစ်ဆယ်သိန်းကျပ်)ကို လှူဒါန်းသွားမည်ဖြစ်ပါသည်။
ရပ်ဝေးရပ်နီးမှ ဆရာကြီး/ဆရာမကြီး များလည်း ကျွန်တော်/ကျွန်မတို့၏ ကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းသို့ အောက်ပါအစီစဉ်အတိုင်း တက်ရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖတ်ကြားအပ်ပါတယ်ခင်ဗျ။
ဆရာကြီး/ဆရာမကြီများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လုပ်အားကုသိုလ်ပါဝင်လိုသော ကျောင်းသား/ကျောင်းသူဟောင်းများလည်း ကျန်း/စောင့်ကော်မတီနှင့် ပူးပေါင်း ကုသိုလ်ယူနိူင်ပါရန် အောက်ပါအစီစဉ်အတိုင်း ကုသိုလ်ယူနိူင်ပါသည်။
နေ့ရက် - ၁၁.၂.၂၀၁၈ (တနင်္ဂနွေနေ့)
အချိန် - မနက် (၉)နာရီ မှ နေ့လည် (၁၂)နာရီအထိ
နေရာ - အထက(၄)အလုံ ကျောင်းသား/ကျောင်းသူဟောင်း
များအသင်းရုံးခန်း(ဗဟိုလမ်း နှင့် အောက်
ကြည့်မြင်တိုင်းလမ်းထောင့် အထက(၄)အလုံ
ကျောင်းဝင်း ပင်လုံအားကစားကွင်းအနီး)

Comments

Popular posts from this blog