Posts

Image
၂၀၁၈ ဇန်နဝါရီလ အတွက် (၂၈)ကြိမ်မြောက် ကျန်းမာရေးကူညီစောင့်ရှောက်မှု ဆေးပေးခန်းကိုယနေ့ မနက်၈နာရီ မှစတင်ကာ နေလည်၁၂နာရီအထိ ဖွင့်ပြီးကျင်းပခဲ့ပါသည်။ (၂၈)ကြိမ်မြောက် ကျန်း/စောင့်ပွဲကို ၁၉၇၀-၇၁ ခုနှစ် ကျောင်းသားဟောင်းများမှ တစ်လစာအလှူငွေ ၁,၀၀၀,၀၀ဝိ/(တစ်ဆယ်သိန်းကျပ်တိတိ) ကို ကျန်းစောင့် ကော်မတီဥက္ကဌ နှင့် တာဝန်ရှိသူများကိုလှူတန်းခဲ့ပါသည်။ကွယ်လွန်သွားသော ကျောင်းသားဟောင်းအသင်းအလုပ်အမှုဆောင်ဟောင်း ဦးစိန်သောင်အား ရည်စူးပြီး အလှူငွေကျပ် ၂၀၀,၀၀ဝိ/ (နှစ်သိန်းကျပ်တိတိ) အားကျန်ရစ်သူ ဇနီးနှင့်သ မီးမှ လာရောက်လှူတန်းသွားပါသည်။ ဆေးပေးခန်းသို့ အငြိမ်းစားဆရာကြီး/ဆရာမကြီး (၆၂)ယောက်မှ တက်ရောက်ကုသခံခဲ့ပါသည်။ ဆရာ/ဆရာမကြီးများကို ကျောင်းသား/သူဟောင်းများဖြစ်ကြသော ဒေါက်တာ အောင်မွန်ကျော်၊ဒေါက်တာ ညီညီကျော်၊ဒေါက်တာ ကောင်းမြတ်ကိုကို၊ဒေါက်တာ နှင်းနုနုဆွေ၊ဒေါက်တာ အောင်ထွန်းဦး တို့မှ ဆေးကုသပေးရင်းစောင့်ရှောက်မှုပေခဲ့ပါသည်။ ယနေ့ ကျန်း/စောင့်ပွဲကို တက်ရောက်လာကြသော ဆရာ/ဆရာမကြီးများနှင့် လာရောက်ကူညီပေးကြပါသော ကျောင်းသား/သူများကို နန်းကြီးသုပ်၊ရှမ်းခေါက်ဆွဲ နှင့် Horlicks ဖျော်ရည်များကို ကျွေးမွေးဧည့်ခံခဲ့ပါသည်။ ...
Image
၁၄.၁.၂၀၁၈ (၂၈)ကြိမ်မြောက် ကျန်း/စောင့်ဆေးပေးခန်း ပြီးနောက်ကျန်း/စောင့် ကောင်မတီဥက္ကဌများ နှင့် အဖွဲ့ဝင်များ အစည်းဝေတစ်ရပ် ကျင်းပခဲ့ပါသည်။ ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသော ဆရာဝန်များမှ လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပြီး ဥက္ကဌများမှ လိုအပ်ချက်များကိုလမ်းညွှန်မှုပေးပြီး ရှေးလုပ်ငန်းစဉ်အသစ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ဆေးကုသမှုလုပ်ငန်းစဉ်အသစ်ကို ဖေဖော်ဝါရီလ (၂၉)ကြိမ်မြောက် ကျန်း/စောင့် ဆေးခန်းတွင် ဆရာကြီး/ဆရာမကြီးများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန် းစဉ်အသစ်တစ်ရပ်ကိုလည်း ထည့်သွင်းအကောင်ထည်ဖော်သွားမည်ဖြစ်ပါသည်။ photo : Artist Thant Zin
Image
ကျန်းမာရေးစောင့်ရှောက်မှုကော်မတီမှ ဥက္ကဌနှင့်အဖွဲ့သည် အင်းစိန်ဆေးရုံရှိ မျက်စိခွဲစိတ်ခန်းအတွက် လိုအပ်နေသော မီးစက်အတွက် သွားရောက်ကြည့်ရှု့ မှတ်တမ်းများ ယူခဲ့ကြပါသည်။
၂၀၁၈ ဖေဖဝါရီလ (၂၉) ကြိမ်မြောက် ကျန်းမာရေးကူညီစောင့်ရှောက်မှု ဆေးပေးခန်းကို ၁၁.၂.၂၀၁၈ မနက် ၉နာရီ မှစတင်ကာ နေလည် ၁၂နာရီ အထိဖွင့်လှစ် ကျင်းပမည်ဖြစ်ပါသည်။ (၂၉)ကြိမ်မြောက် ကျန်း/စောင့်ပွဲကို ၁၉၇၈ ခုနှစ်မှ ကျောင်းသား/ကျောင်းသူဟောင်းများမှ တာဝန်ယူ၍ ယခုလကျသင့်သော ဆေးဝါးကုန်ကျစရိတ်များ၊ ခရီးစရိတ်များ နှင့် အဟာရဒါန စသည့်အတွက် ကုန်ကျစရိတ် အလှူငွေ ၁,၀၀၀,၀၀ဝိ/ (တစ်ဆယ်သိန်းကျပ်)ကို လှူဒါန်းသွားမည်ဖြစ်ပါသည်။ ရပ်ဝေးရပ်နီးမှ ဆရာကြီး/ဆရာမကြီး များလည်း ကျွန်တော်/ကျွန်မတို့၏ ကျန်းမာရေးစောင့်ရှော က်မှု ဆေးပေးခန်းသို့ အောက်ပါအစီစဉ်အတိုင်း တက်ရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖတ်ကြားအပ်ပါတယ်ခင်ဗျ။ ဆရာကြီး/ဆရာမကြီများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လုပ်အားကုသိုလ်ပါဝင်လိုသော ကျောင်းသား/ကျောင်းသူဟောင်းများလည်း ကျန်း/စောင့်ကော်မတီနှင့် ပူးပေါင်း ကုသိုလ်ယူနိူင်ပါရန် အောက်ပါအစီစဉ်အတိုင်း ကုသိုလ်ယူနိူင်ပါသည်။ နေ့ရက် - ၁၁.၂.၂၀၁၈ (တနင်္ဂနွေနေ့) အချိန် - မနက် (၉)နာရီ မှ နေ့လည် (၁၂)နာရီအထိ နေရာ - အထက(၄)အလုံ ကျောင်းသား/ကျောင်းသူဟောင်း များအသင်းရုံးခန်း(ဗဟိုလမ်း နှင့် အောက် ကြည့်မြင်တိုင်းလမ်းထောင့် အထ...

ဝမ်းနည်း​ကြေကွဲခြင်း အထက(၄)အလုံ​ကျောင်းသား/သူ​ဟောင်းများအသင်း ဥက္ကဌ ဦးမြင့်သိန်း(1971batch) ၏မိခင်​ကြီး ဘုရား၊ ​ရဟန်း၊ သိမ်​၊ ​ကျောင်း ဒါယိကာမကြီး ​ဒေါ်မြကျင်​(ခ)တိန်​မီဟုန်​ အသက်​(၉၀) ရန်​ကုန်​မြို့ ၊လသာမြို့နယ်​၊အမှတ်​(၁)ရပ်​ကွက်​၊ အမှတ်​(၂၈) (၁၇) လမ်းနေအိမ်​၌ ၇.၂.၂၀၁၈ ဗုဒ္ဓဟူး​နေ့ နံနက်​ ၉:၁၅ နာရီ တွင်​ကွယ်​လွန်​သွား​ကြောင်​းသိရှိရသည့်အတွက်​ အသင်းဥက္ကဌ ဦးမြင့်သိန်း+​ဒေါ်ဘင်​ဟာတို့မိသားစုနှင့်ထပ်​တူထပ်​မျှ ဝမ်းနည်း​ကြေကွဲမိပါ​ကြောင်း ​ဖော်​ပြအပ်​ပါသည်​။ ၉.၂.၂၀၁၈ ​သောကြာ​နေ့ နံနက်​ ၁၁နာရီတွင်​ ​နေအိမ်​မှ​ရေ​ဝေးသုဿန်​ သို့ပို့​ဆောင်​မီသင်္ဂြိုလ်မည်​ဖြစ်​ပါ​ကြောင်း အသင်းသား/သူများနှင့် ​ကျောင်းသား/သူ​ဟောင်းများ သိရှိ​စေရန်​ ဝမ်းနည်းစွာဖြင့် အသိ​ပေးအပ်​ပါသည်​။ အမှု​ဆောင်​အဖွဲ့ အထက(၄)အလုံ​ကျောင်းသား/သူ​ဟောင်းများအသင်း
Image
အထက၄အလုံ​ကျောင်းသား/သူ​ဟောင်းများအသင်း၊ကျန်းမာ​ရေး​စောင့်ရှောက်​မှု​ကော်​မတီ၏ အငြိမ်းစားဆရာဆရာမများကို ပုဂံဘုရားဖူးအစီအစဉ်​ခရီးစဉ်​ ၁၁၅မိုင်​ Pioneer Restaurant တွင်​ ညစာစားသုံးခဲ့ကြပါသည်​၊ 8-1-2018